မကြာခဏ မေးလေ့ရှိသော မေးခွန်းများ (FAQ)

အထွေထွေ

Conduit သည် Psiphon မှ တီထွင်ထားသော စေတနာ့ဝန်ထမ်း၊ အရင်းအမြစ်ဖွင့် အင်တာနက် လွတ်လပ်ခွင့် ကိရိယာတစ်ခု ဖြစ်သည်။ ၎င်းသည် ဆင်ဆာဖြတ်တောက်ခံထားရသော သို့မဟုတ် ကန့်သတ်ထားသော ကွန်ရက်များရှိ လူများကို ပွင့်လင်းသော အင်တာနက် ဝင်ရောက်ကြည့်ရှုနိုင်ရန် ကူညီပေးသည့် လက်ဆင့်ကမ်း စခန်းများအဖြစ် နေ့စဉ်သုံး စက်ပစ္စည်းများကို ဆောင်ရွက်နိုင်စေသည်။ Conduit Station တစ်ခုကို လည်ပတ်ခြင်းဖြင့် သင့်စက်ပစ္စည်းသည် Psiphon အသုံးပြုသူများထံမှ စာဝှက်ထားသော ထရာဖစ်ကို Psiphon ဆာဗာများသို့ လုံခြုံစွာ လက်ဆင့်ကမ်း ပေးပို့ပေးကာ ကွန်ရက်၏ ကြံ့ခိုင်မှုနှင့် ရောက်ရှိနိုင်စွမ်းကို ပိုမိုအားကောင်းစေသည်။
Conduit ကို လွတ်လပ်သော အင်တာနက် ရယူသုံးစွဲနိုင်မှုကို ပံ့ပိုးပေးလိုသည့် ကမ္ဘာတစ်ဝှမ်းရှိ သာမန် စေတနာ့ဝန်ထမ်းများ သာမက၊ မိမိတို့၏ မူရင်းနိုင်ငံများရှိ လူများ ဆက်သွယ်မှုမပြတ်ရှိစေရန် ကူညီပေးလိုသည့် (ကန့်သတ်ချုပ်ချယ်မှုရှိသော ပတ်ဝန်းကျင်များ၏ အတွင်းရော အပြင်၌ပါရှိသည့်) စင်ဆာဖြတ်တောက်ခံထားရသော အသိုင်းအဝိုင်းများမှ အဖွဲ့ဝင်များအတွက် ရည်ရွယ်၍ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ မည်သည့် အထူးပြု နည်းပညာဆိုင်ရာ နောက်ခံအသိပညာမှ မလိုအပ်ပါ။